You are currently viewing 𝐊𝐚𝐥𝐞𝐢𝐝𝐨 𝟑 ဒါမှမဟုတ် 𝐄 𝐈𝐧𝐤 ရဲ့ နောက်ဆုံးပေါ် 𝐏𝐫𝐢𝐧𝐭 𝐜𝐨𝐥𝐨𝐫 𝐝𝐢𝐬𝐩𝐥𝐚𝐲 𝐭𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲

𝐊𝐚𝐥𝐞𝐢𝐝𝐨 𝟑 ဒါမှမဟုတ် 𝐄 𝐈𝐧𝐤 ရဲ့ နောက်ဆုံးပေါ် 𝐏𝐫𝐢𝐧𝐭 𝐜𝐨𝐥𝐨𝐫 𝐝𝐢𝐬𝐩𝐥𝐚𝐲 𝐭𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲

စာရွက်ပေါ်မှာပုံနှိပ်ထားတဲ့ ရုပ်ပုံတွေရဲ့ အရောင်တွေက ကျွန်တော်တို့ကို ခံစားမှုတွေစုံတဲ့ ပြီးတော့ အိပ်မက်ဆန်တဲ့ စိတ်ကူးယဉ််ကမ္ဘာထဲကို ‌ခေါ်သွားနိုင် ပါတယ်။ အဲဒီလို အတွေ့အကြုံမျိုးကို LED ဖန်သားပြင်‌တွေမှာ တုပဖန်တီး ယူလို့ မရနိုင်ပါဘူး ။ ဒါပေမယ့် ePaper (e-ink) နည်းပညာ ပိုပြီးတိုးတက်လာတာကြောင့်၊ အခုဆိုရင် စာရွက်ပေါ်က ပန်းချီရုပ်ပုံတစ်ခုကို မူရင်းအရသာ အတိုင်း ဒစ်ဂျစ်တယ် device တွေပေါ်မှာလည်း ခံစားနိုင်ပါပြီ။ Kaleido 3 က အဲဒီ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ပေးမယ့် ဇာတ်လိုက်ပါ။

Kaleido 3 ဆိုတာ ePaper product တွေအတွက် E Ink ရဲ့ နောက်ဆုံးပေါ် print color display technology ဖြစ်ပါတယ်။ သမားရိုးကျ အဖြူအမည်း E INK မျက်နှာပြင်တွေနဲ့ နှိုင်းယှဉ်ရင် Kaleido 3 က အရောင်တွေပြနိုင်ဖို့ RGB Color Filter Array (CFA) ကို အသုံးပြုပါတယ်။ အပေါ်ကနေ color filter ခံပြီး စုစုပေါင်းအရောင် 4,096 ရောင်ဖန်တီးပါတယ်။

𝐊𝐚𝐥𝐞𝐢𝐝𝐨 𝟑 ၏ နောက်ဆုံးမျိုးဆက်များ

အခုဆိုရင် E INK က Kaleido modules သုံးခု Kaleido၊ Kaleido Plus နှင့် Kaleido 3 ထုတ်ပြီးပါပြီ။ နောက်ဆုံးမျိုးဆက် Kaleido 3 ကတော့ display quality, eye-health protection နဲ့ response time ပိုမိုကောင်းမွန်တယ်လို့ ဆိုထားပါတယ်။

အရောင်အဆင်းနှင့် ကြည်လင်ပြတ်သားမှု

Kaleido 3 မှာ color saturation က ယခင်မျိုးဆက်များထက် 30% ပိုကောင်းလာပြီး resoulution ကိုလည်း 100 PPI ကနေ 150 PPI ထိမြှင့်တင်နိုင် ခဲ့ပါတယ်။ ရလဒ်အနေနဲ့တော့ ပုံတွေဟာ မှိန်ဖျော့နေတဲ့ရေဆေးအရောင်တွေကို ပြန် retouch လုပ်ထားသလို စွဲမက်စရာ မျက်စိ ပသာဒ ဖြစ်စေပါတယ်။

မျက်လုံးကို ကာကွယ်ဖို့ 𝐧𝐞𝐰 𝐟𝐫𝐨𝐧𝐭 𝐥𝐢𝐠𝐡𝐭 𝐭𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲

Kaleido 3 နှင့်အတူ front light နည်းပညာအသစ် 𝐂𝐨𝐦𝐟𝐨𝐫𝐭𝐆𝐚𝐳𝐞 ပါဝင်လာပါတယ်။ အလင်းရောင်က screen ပေါ်ကို အညီအမျှ လင်းနေပြီး ပတ်ဝန်းကျင် အလင်းရောင်မှာ မြင်ရသလိုပါပဲ။ ပိုကောင်းလာတာကတော့ 𝐂𝐨𝐦𝐟𝐨𝐫𝐭𝐆𝐚𝐳𝐞 ဟာ မျက်လုံးကို ထိခိုက်စေမယ့် Blue Light Ratio (BLR) နှင့် Blue Light Toxicity Factor (BLTF) ကို 60% နှင့် 24% အထိ လျှော့ချပေးနိုင်တာပါ။

𝐐𝐮𝐢𝐜𝐤𝐞𝐫 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐞, 𝐁𝐞𝐭𝐭𝐞𝐫 𝐂𝐨𝐦𝐩𝐚𝐭𝐢𝐛𝐢𝐥𝐢𝐭𝐲

Kaleido 3 ဟာ အရင်ထုတ်ခဲ့တဲ့ E-Ink Carta 1200/ 1250 တို့နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး response ပိုကောင်းလာတာကြောင့် handwriting နဲ့ animation တွေမှာ ပိုပြီး smoothဖြစ်လာပါတယ်။ Contract ratio လည်းပိုမြင့်လာပါတယ်။

𝐊𝐚𝐥𝐞𝐢𝐝𝐨 𝟑 ကိုအသုံးချပြီး 𝐁𝐎𝐎𝐗 က device အသစ်တွေကို မြန်မြန်ဆန်ဆန် ပွဲထုတ် လာပါပြီ။

ပုံရိပ်အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် 𝐁𝐎𝐎𝐗 ရဲ့ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ 𝐁𝐎𝐎𝐗 𝐒𝐮𝐩𝐞𝐫 𝐑𝐞𝐟𝐫𝐞𝐬𝐡 (𝐁𝐒𝐑) နှင့် ပေါင်းစပ်ထားတာကြောင့်လည်း အသုံးပြုမယ့် user တွေရဲ့ မတူညီတဲ့ လုပ်ငန်းဆောင်တာတွေကို အရောင်အသွေး စုံစုံလင်လင်နဲ့ ချောချောမွေ့ မွေ့ အသုံးပြုနိုင်မှာပါ။

Leave a Reply