You are currently viewing ဆိုရှယ်မီဒီယာတွေမှာ‌ပျောက်သွားတဲ့ ကိုယ့်ရဲ့အချိန်တွေအတွက် အဖြေ

ဆိုရှယ်မီဒီယာတွေမှာ‌ပျောက်သွားတဲ့ ကိုယ့်ရဲ့အချိန်တွေအတွက် အဖြေ

F‌acebook လေးခဏကြည့်လိုက်ပါဦးမယ်ဆိုပြီးအနည်းဆုံး အချိန်တစ်နာရီလောက်ကုန်သွားတာကြုံဖူးကြတယ် ဟုတ်….

ကျွန်တော်တို့တွေက ဖုန်းကို scrolling လုပ်ပြီး screen မှာပေါ်လာသမျှ ပုံတွေ ၊ အကြောင်းအရာ ၊အဖြစ်အပျက်တွေ ကြည့်နေရတာကို စွဲလမ်းမှန်းမသိ စွဲလမ်းနေပါတယ်။ post တစ်ခုပြီး တစ်ခု video တစ်ခုပြီးတစ်ခု ကြည့်ရင်း အချိန်တွေကုန်သွားတာကို သတိမထားမိနိုင်အောင်ပါပဲ။

လူသားတွေရဲ့ ဦးနှောက်ဟာ အသစ်အသစ်သော လှုံ့ဆော်မှုတွေကို အမြဲတမ်း တောင့်တနေပြီး အခြေအနေတစ်ခု၊ အဖြစ်အပျက်တစ်ခု မှာ တသမတ်တည်းငြိမ်နေရတာကို မုန်းပါတယ်။ facebook လို ဆိုရှယ်မီဒီယာတွေရဲ့ Algorithms တွေကလည်း ကိုယ့်အတွက်၊ ကိုယ်ကြိုက်လောက်မယ့် အကြောင်းအရာတွေကို သေချာ‌ရွေးပြီး ကိုယ့်ဆီအရောက်ပို့ထားတာဖြစ်လေတော့ အရာရာကိုသိချင်တဲ့ စပ်စုတတ်တဲ့ လူသားဉာဥ်လေးဟာ ဖုန်း screen ကနေ ဘယ်လိုမှရုန်းမထွက်နိုင်ပါဘူး။

အဲဒီ့အတွက် ပထမဆုံးပေးဆပ်ရတာကတော့ ကျွန်တော်တို့ရဲ့ မျက်လုံးလေးတွေပါပဲ။

အလင်းတွေထွက်နေတဲ့ LED/LCD screen ကို အချိန်အကြာကြီးစိုက်ကြည့်ရတာကြောင့် မျက်ရည်ခန်းခြောက်ပြီး မျက်လုံးတွေပြာလာ၊ မျက်စိအမြင်တွေဝေဝါးလာပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ မဖြစ်မှုအပြင် လုပ်ငန်းခွင်မှာ အာရုံမစူးစိုက်နိုင်တာ၊ အလွယ်တကူ စိတ်တို၊ စိတ်ဓါတ်ကျတာမျိုးလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးပါဖြစ်လာနိုင်ပါတယ်။

အဲဒီ့တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ကိုယ့်ရဲ့ လူမှုဘဝမျှခြေကို ထိန်းဖို့ လုပ်နိုင်တာလေးတွေကို တတ်နိုင်သမျှ လုပ်ဖို့လိုပါတယ်။

၁။ အာရုံပျံ့လွင့်စေမယ့်အရာတွေကို နည်းနိုင်သမျှနည်းပါစေ။

ပထမဆုံးလုပ်ရမယ့်အချက်ကတော့ တတောင်တောင်မြည်နေတဲ့ notification တွေကို လျှော့ဖို့ပါ။ ဖုန်းကိုအကန့်အသတ်နဲ့ သုံးတာ၊ မလိုအပ်တဲ့ app တွေရဲ့ Noti တွေကို ပိတ်ထားတာမျိုးတွေလုပ်ဖို့လိုပါတယ်။ ကိုယ့်ဖုန်းပေါ် computer ပေါ်ကနေ နေ့စဥ် စစ်နေရတဲ့ email တွေ ၊ အလုပ်အတွက်လိုအပ်တဲ့ မဖြစ်မနေသုံးရတဲ့ app တွေအတွက်တော့ eye-friendly ဖြစ်တဲ့ eink (ePaper) technology ကိုသုံးထားတဲ့ tablet တွေကို ရွေးချယ်နိုင်ပါတယ်။ အဲဒီ့ e-reader (eink tablet) တွေက စက္ကူပေါ်မှာ ပုံနှိပ်ထားတဲ့ စာတွေကိုဖတ်နေရသလို ခံစားချက်မျိုးပေးပါလိမ့်မယ်။

၂။ ဦးနှောက်မှာရင်းနှီးမြှုပ်နှံဖို့ စာဖတ်ပါ။

အလုပ်အတွက် ကျောင်းအတွက် ဖတ်ရမယ့် စာအုပ်တွေပဲဖြစ်ဖြစ် အားလပ်ချိန်ဖတ်မယ့် ဘယ်လိုစာအုပ်မျိုးအတွက်မဆို မျက်စိကိုထိခိုက်မှု အနည်းဆုံးနဲ့ အချိန်ကြာကြာဖတ်နိုင်ဖို့ e-ink display ကို အသုံးပြုထားတဲ့ e-reader တွေက smart ဖြစ်တဲ့ ရွေးချယ်မှု တခုပါ။ စာအုပ်တွေအများကြီးကို ဘယ်သွားသွား ယူသွားနိုင်ပြီး အချိန်မရွေး နေရာမရွေး ဖတ်နိုင်လို့ ကိုယ့်ရဲ့ အချိန်တွေကို ဖုန်းပွတ်ပြီး ရောက်တတ်ရာရာ ကြည့်နေမယ့်အစား အကျိုးရှိရှိ အသုံးချနိုင်မှာ သေချာပါတယ်။

၃။ Algorithms တွေကို ငြင်းဆန်ပါ။

social media company ကြီးတွေက ငွေကုန်ကြေးကျ အများကြီးခံတည်ဆောက်ထားတဲ့ ရှုပ်ထွေးတဲ့ Algorithms တွေက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပါတယ်။ AI နည်းပညာတိုးတက်လာတာနဲ့အမျှ ကိုယ်နေ့စဥ် သုံးနေတဲ့ app တွေကတဆင့် ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိနေနိုင်ပါပြီ။ အဲဒီလို Algorithms တွေက စနစ်တကျရွေးပြီး ကိုယ့်ဆီပို့နေတဲ့ အဆုံးမရှိတဲ့ Newsfeed တွေကို ပြတ်ပြတ်သားသား ငြင်းပယ်ပါ။ ကိုယ်လိုချင်တဲ့ information ကိုပဲ ရှာတဲ့၊ ကိုယ်ပါဝင်ချင်တဲ့ အစိတ်အပိုင်းကိုပဲ ရွေးချယ်တဲ့ အလေ့အထကိုမွေးမြူပါ။

ဖုန်းscreen လေးကို ပွတ်ပြီး ပေါ်လာသမျှ ပုံတွေစာတွေ ဖတ်နေချင်တဲ့ စိတ်လေးကို ထိန်းချုပ်ရတာ ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဖြစ်အောင်လုပ်ရမှာပါ။

ဒီ post ကိုလူအများကြားရောက်ဖို့အတွက် social media platform တစ်ခုဖြစ်တဲ့ facebook ပေါ်မှာရေးနေ ဖတ်နေရပေမယ့် အဲဒီ့ facebook ကြီးဟာ ကိုယ့်ဘဝမဟုတ်လို့ သူ့ကို အကန့်အသတ်နဲ့ ထိန်းချုပ်သင့်တာတော့ သေချာပါတယ်။

Leave a Reply