You are currently viewing How to Choose Your E-Reader?

How to Choose Your E-Reader?

———————————–

E Ink product (e-reader) တွေဟာ သက်တောင့်သက်သာရှိတဲ့ စာဖတ်ရတဲ့ အတွေ့အကြုံ၊ စာအုပ်ချစ်သူတွေနဲ့ digital note-takers တွေအတွက် အံဝင်ခွင်ကျဖြစ်စေမယ့် လုပ်ဆောင်ချက် တွေကြောင့် လူကြိုက်များပါတယ်။ E Ink ဖန်သားပြင် တွေဟာ ပုံမှန် LCD နဲ့ LED ဖန်သားပြင်များနဲ့ နှိုင်းယှဥ်ရင် တောက်ပတဲ့ နေရောင်အောက်မှာ screen ကနေ အလင်းမပြန်ဘဲ စာဖတ်နိုင်တာ၊ eye-strain ကို လျော့ချနိုင်တာ၊ tablet တွေ ဖုန်းတွေလို အလင်းကိုတိုက်ရိုက်ကြည့်နေရတဲ့ Backlight တွေမသုံးဘဲ front light တွေသုံးတာ ၊ power consumption နည်းတာ စတဲ့ အားသာချက်တွေ အများကြီး ရှိပါတယ်။

ကိုယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ အသုံးတည့်တဲ့ e-reader တလုံး ရွေးချယ်ဖို့တော့ အောက်ကအချက်တွေကို ထည့်စဥ်းစားရမှာပါ။

📕 Monochrome လား ? Color ePaper Display လား ?

ထည့်စဉ်းစားရမယ့် အဓိကအချက်တွေထဲက တစ်ခုကတော့ အဖြူအမည်း ဒါမှမဟုတ် အရောင်တွေဖော်ပြပေးနိုင်တဲ့ screen ၊ ကိုယ်က ဘယ် screen အမျိုးအစားကို လိုချင်တာလဲဆိုတာပါ။ E Ink နည်းပညာလို့ပြောလိုက်ရင် အရင်တုန်းက အဖြူအမည်း screen တွေကို ပဲ ဆိုလိုပေမယ့် ခုချိန်မှာတော့ အရောင်တွေကို ပြနိုင်တဲ့ ePaper product တွေအများကြီးထွက်လာနေပါပြီ။

စာရွက်ပေါ်မှာမှင်နဲ့ ပုံနှိပ်ထားသလို အနီးစပ်ဆုံး တူအောင်လုပ်ထားလို့ black and white screen တွေက စာအုပ်တွေ စာရွက်စာတမ်းတွေ ဖတ်ဖို့ သင့်တော်ပြီး color screen တွေကတော့ မဂ္ဂဇင်း၊ ရုပ်ပြတွေ ဒါမှမဟုတ် ဂရပ်တွေ ပုံတွေ စတဲ့ မာလ်တီမီဒီယာစွမ်းရည် လိုအပ်သူများအတွက် ပို သင့်တော်ပါ တယ် ။ကိုယ့် အတွက် အသင့်တော်ဆုံး မျက်နှာပြင်အမျိုးအစားကို ဆုံးဖြတ်ဖို့ ကိုယ့်ရဲ့ သီးခြားလိုအပ်ချက်တွေနဲ့ ဦးစားပေးတွေကို ထည့်သွင်းစဉ်းစားရမှာပါ။

📗မျက်နှာပြင်အရွယ်အစား

e-reader တွေကိုရွေးချယ်ရာမှာ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ မျက်နှာပြင်အရွယ်အစားပါ။ မျက်နှာပြင်အရွယ်အစားက စာဖတ်ရ၊ အသုံးပြုရတဲ့ အတွေ့အကြုံနဲ့ သယ်ရလွယ်၊ မလွယ် အပေါ် သက်ရောက်မှုရှိပါတယ်။ screen size တွေကို အရွယ်အစား အကြီး (၁၃.၃လက်မနှင့်အထက်)၊ အလတ် (ပုံမှန်အားဖြင့် 10.3လက်မဝန်းကျင်)၊ နဲ့ အသေး (အိတ်ထဲ ထည့်သွားလို့ အဆင်ပြေတဲ့ ၆လက်မ၊ ၈လက်မ )ဆိုပြီး အရွယ်အစားသုံးမျိုး ခွဲခြားနိုင်ပါတယ်။

e-Ink screen ကြီးကြီးတွေက Pdf ဖိုင်တွေ မကြာခဏ ဖတ်ဖို့ ၊ graph တွေပုံတွေကို ရှင်းရှင်းလင်းလင်း ကြည့်ဖို့ နဲ့ စာရေးဖို့ အတွက် နေရာကျယ်ကျယ်လိုတဲ့သူတွေ အတွက် ကောင်းပါတယ် ။ ဒါပေမယ့် ၊E Ink screen အကြီးတွေဟာ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားတာကြောင့် ‌စျေးများပါတယ်။

အလယ်အလတ် screen တွေကတော့ စျေးနှုန်း၊ သယ်ဆောင်ရလွယ်ကူမှုနှင့် မျက်နှာပြင်အရွယ်အစားတို့အကြား ဟန်ချက်ညီညီ မျှတစေပါတယ် ။ e-book တွေ ဖတ်ဖို့ ၊ မှတ်စုတွေရေးမှတ်ဖို့ နဲ့ စာရွက်စာတမ်းတွေ ထဲမှာ လိုချင်တဲ့ အ‌ကြောင်းအရာ ရှာဖွေဖို့ အတွက် စွယ်စုံသုံးနိုင်ပါတယ် ။

screen အသေးနဲ့ e-reader (၆လက်မ၊ ၈လက်မ) တွေကတော့ သယ်ဆောင်ရလွယ်ကူပြီး ပေါ့ပါးပါတယ် ။ နေ့စဉ်အလုပ်သွား၊ အလုပ်ပြန် ဒါမှမဟုတ် ခရီးသွားချိန်တွေမှာ ကိုယ်နဲ့မကွာ သယ်သွားလို့ ရလို့ E Ink screen အသေးတွေကလည်း လူကြိုက်များပါတယ်။

screen size နဲ့ portability ကြား ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ device ကိုရွေးရမှာပါ။ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်အတွက်သုံးဖို့ screen size ကြီးကြီး ၊ ဒါမှမဟုတ် စွယ်စုံသုံးအတွက် အလတ်စား၊ သွားရင်းလာရင်း စာဖတ်ဖို့ အတွက် သေးပြီး သယ်လို့ လွယ်တဲ့ device တစ်ခု ၊ ဘာပဲလိုလို သင့်လိုအပ်ချက်တွေနဲ့ ကိုက်တဲ့ e-reader တစ်ခု ဝယ်လို့ရပါတယ်။

📘 အသုံးပြုမယ့် ရည်ရွယ်ချက်

ဘယ် eink device ဝယ်မလဲ စဥ်းစားရင် ဘယ်လိုသုံးချင်တာလဲ ဆိုတာကလည်း အရေးကြီးတဲ့ အချက်ပါ။

ပေါ့ပေါ့ပါးပါး စာဖတ်ဖို့အတွက်ပဲဆိုရင်တော့ အိတ်ဆောင်အရွယ်အစားနဲ့ ပေါ့ပါးတဲ့ e-reader တွေက မျက်လုံးညောင်းညာမှုကို လျော့ပါးစေမယ့်၊ အာရုံထွေပြားမှုကင်းတဲ့ စာဖတ်အတွေ့အကြုံကို ပေးမှာပါ။

သမားရိုးကျ မှတ်စုစာအုပ်တွေ၊ diary တွေနဲ့ LCD notepad တွေကို အစားထိုးမယ်ဆိုရင်တော့ ၊ pen ပါတဲ့ စာရေးနိုင်တဲ့ e-Ink tablet တွေက စာရွက်ပေါ်မှာ ရေးရတဲ့ ခံစားမှုမျိုးကို ပေးနိုင်ပါတယ်။ ကိုယ်ရေးမှတ်ထားတာ‌တွေကို တခြားသူတွေနဲ့ အလွယ်တကူ share တာ၊ cloud storage တွေမှာ သိမ်းထားတာမျိုးတွေ လုပ်နိုင်ပါတယ်။

Laptop တွေကို အစားထိုးဖို့ ၊ လုပ်ငန်းမှာကိုယ့်ရဲ့ productivity ကိုမြှင့်တင်ဖို့ အတွက်၊ အဆင့်မြင့် hardware တွေ ၊ ချောမွေ့တဲ့ စွမ်းဆောင်ရည်နဲ့ အားကောင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်တဲ့ e ink device တွေလည်းရှိပါတယ်။ ဥပမာ BOOX Tab Ultra C Pro (Color, 10.3”) / Tab X (B&W, 13.3”) ၊ mini workstation Tab Mini C (7.8”)

📙 Closed or Open OS (Operating System)

ကိုယ်ဝယ်မယ့် e-reader မှာ သုံးထားတဲ့ OS က ကိုယ်သုံးချင်တဲ့ပုံစံ သုံးလို့ ရ ၊မရ ကိုအများကြီး အဆုံးအဖြတ်ပေးပါတယ်။ ဥပမာ Kindle e-reader တွေဟာ Ebook တွေဖတ်ဖို့ E Ink display technology အတွက် specifically design လုပ်ထားတဲ့ Linux ကိုအခြေခံတဲ့ ကိုယ်ပိုင် operaing system ကိုသုံးပါတယ်။ Amazon ရဲ့ ecosystem ထဲမှာပဲ Amazon book store ကနေ စာအုပ်တွေဝယ်ဖတ်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် Android OS ကိုသုံးထားတဲ့ e-reader တွေလို စိတ်ကြိုက် app တွေထည့်မသုံးနိုင်၊ customize မလုပ်နိုင်ပါဘူး။ pdf ဖိုင်တွေ support လုပ်ပေမယ့် စာအုပ်ကို လိုသလို ပိုင်းဖတ်တာ၊ reflow လုပ်တာ၊ အသေးစိတ်ချိန်ညှိတာတွေမလုပ်နိုင်လို့ PDF ဖိုင်တွေကို kindle ပေါ်မှာ ဖတ်ရတာအဆင်ပြေမှာ မဟုတ်ပါဘူး။ မြန်မာစာအုပ်တွေနဲ့ scan လုပ်တားတဲ့ Pdf တွေအဖတ်များရင်တော့ flexible ဖြစ်တဲ့ Android OS နဲ့ e reader တွေကပိုအဆင်ပြေနိုင်ပါတယ်။

အတိုချုပ်ပြောရမယ်ဆိုရင်တော့ E Ink device (e-reader) တွေ ဝယ်ဖို့ ရွေးရင် ဒီအချက်တွေကို ထည့်စဥ်းစားရမှာပါ။

📕 screen type (B&W or Color)

📗 အရွယ်အစား (6″,7.8″,10.3″,13.3″)

📘 အသုံးပြုမယ့်ပုံစံ ( စာဖတ်/ မှတ်စု‌ရေး/ Notebook Replacement/ apps for productivity)

📙 e-reader ရဲ့ Operating System (Open or Closed)

ဒီအချက် တွေကို စေ့စေ့စပ်စပ် အကဲဖြတ်ရင် ကိုယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့၊ ပြီးပြည့်စုံတဲ့ E-reader လေးကို ပိုင်ဆိုင်နိုင်မှာပါ✨

Leave a Reply