You are currently viewing Front Light vs. Back Light

Front Light vs. Back Light

++++++++++++++++++++++

📗E reader တွေမှာ အမှောင်ထဲ၊ အလင်းရောင်နည်း တဲ့ နေရာတွေမှာဖတ်ရှု အသုံးပြုနိုင်ဖို့အတွက် front light တွေပါဝင်ပါတယ်။

📕E-ink device တွေမှာသုံးထားတဲ့ front light နဲ့ ဖုန်းတွေ tablet တွေမှာသုံးတဲ့ LED/LCD backlight တွေဟာ ကွာခြားပါတယ်။ ပေးထားတဲ့ နာမည်လိုပဲ သူတို့ကို ထားတဲ့နေရာမတူသလို အလုပ်လုပ်ပုံချင်းလည်း ကွဲပြားပါတယ်။

📘LED လို့ခေါ် တဲ့ Light Emitting Diode တွေသုံးထားတဲ့ backlight တွေကို screen ရဲ့ အနောက်မှာထားပြီး အရုပ်တွေစာသားတွေကို မြင်ရစေဖို့ မျက်လုံးဆီကို အလင်းတွေတိုက်ရိုက်လွှတ်ပါတယ်။ အလင်းရောင်ဟာ LED အများကြီး ဆီက လာတာဖြစ်လို့ အလင်းပြန့်ပြူးတာ ညီညာပါတယ်။ ဒါပေမယ့် refresh rate အရမ်းများတာကြောင့် ကြာကြာကြည့်ရင် မျက်လုံး‌ညောင်းညာပြီး ခေါင်းမူး ခေါင်းကိုက်တာ ၊ပျို့အန်ချင်တာ စတဲ့ အမြင်အာရုံနဲ့ ဆိုင်တဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။

📙Front Light တွေကတော့ E-ink screen ရဲ့ အရှေ့မှာထားတာဖြစ်ပြီး မီးလုံးတွေက ထွက်တဲ့အလင်းကို screen ပေါ်ရောက်စေပြီးမှ ပြန်လာတဲ့ အလင်းကို မြင်ရစေတာဖြစ်ပါတယ်။

📗ဥပမာပေးရရင် backlight တွေသုံးပြီး စာဖတ်တာဟာ စာရွက်တစ်ရွက်မှာ စာလုံးပုံစံ အပေါက် တွေဖောက်ပြီး ဓါတ်မီးနဲ့အောက်ကထိုးကြည့်တာနဲ့ဆင်တူပါတယ်။ အလင်းရောင်ကို တိုက်ရိုက်ကြည့်နေရတာကြောင့် အချိန်ကြာလာတာနဲ့အမျှ မျက်စိကို ညောင်းညာ ဝန်ပိစေပါတယ်၊Front-lit screen တွေသုံးပြီးစာဖတ်တာကတော့ စာရွက်တစ်ရွက် ကို စာကြည့်မီးအောက်မှာထားပြီးဖတ်ရသလိုပါပဲ။

📚တစ်နေ့တာလုံး ဖုန်းတွေ၊ ကွန်ပြူတာတွေ ၊ TV တွေရဲ့ backlight တွေကထွက်တဲ့ အလင်းတွေကို ကြည့်နေရတဲ့ မျက်စိကို အနားပေးပြီး Front-lit display တပ်ဆင်ထားတဲ့ e-reader တွေနဲ့ စာဖတ်ပြီး ကိုယ့်ရဲ့အနားယူချိန်လေးမှာ သက်တောင့် သက်သာ အပန်းဖြေနိုင်ပါတယ်။

************************************************************

Leave a Reply