You are currently viewing e-book reader ဆိုတာ ဘာလဲ

e-book reader ဆိုတာ ဘာလဲ

– e-book reader ဆိုတာ ဘာလဲ ❓

– Tablet တွေ ဖုန်းတွေ နဲ့ဘာကွာလဲ ❓

– ဒါတွေသုံးပြီး စာဖတ်တာ ဘာပိုကောင်းလို့လဲ❓

– ဘာဖြစ်လို့ e-reader တွေသုံးသင့်တာလဲ ❓

အဲဒီ့မေးခွန်းတွေအတွက် ကိုယ်တိုင် စဉ်းစားလို့ရမယ့် အချက်လေးတွေပါ။

✨စာအုပ်တွေအများကြီးအတွက် နေရာပေးစရာမလိုတော့ဘူး။

သင့်အိမ်မှာ စာအုပ်တွေ၊ စာအုပ်စင်ကြီးတွေရှိတာကောင်းပါတယ်။ ဒါပေမယ့် အဲဒီ့စာအုပ်စင်ကြီးနဲ့ စာအုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ တာဝန်ကမသေးပါဘူး။ အကြီးဆုံး e-reader တစ်ခုကတော့ မဂ္ဂဇင်း တစ်အုပ်စာလောက်ပဲ နေရာယူပေမယ့် အဲဒီ့ထဲမှာ စာအုပ်ပေါင်း ထောင်သောင်းချီ ထည့်ထားလို့ရတယ်။

✨အလွယ်တကူ သယ်သွားလို့ ရတယ်။

ခရီးသွားတဲ့ အခါ e-reader တစ်ခု သင့်လက်ကိုင်အိိတ်ထဲ ကျောပိုးအိတ်ထဲ ထည့်ယူသွားပါ။ သင့်အကြိုက် စာအုပ်တွေပဲ စုထားတဲ့ ရွေ့လျားစာကြည့်တိုက်ကြီးတစ်ခု ဘယ်နေရာ ဘယ်ဒေသရောက်ရောက် သင်နဲ့အတူ ရှိနေမှာပါ။

✨ဖတ်နေတဲ့ စာအုပ်ကို သင့်စိတ်ကြိုက်ပြုပြင်နိုင်တယ်။

ဖတ်ချင်တဲ့ စာလုံးပုံစံ စာလုံးအရွယ်အစား စာကြောင်း အစိပ်အကျဲ ၊ margin ၊ Orientation စိတ်ကြိုက်ချိန်ညှိလို့ရတယ်။

✨ပုံနှိပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေရသလိုပဲ ခံစားရတယ်။

e-book တွေကို tablet တွေ computer တွေ နဲ့ ဖုန်းတွေပေါ်မှာဖတ်နိုင်ပေမယ့် တကယ့်စာအုပ်အစစ်ကို ဖတ်နေရသလို အရသာကတော့ e-reader တွေသုံးပြီးဖတ်မှပဲ ရနိုင်တယ်။

✨မျက်လုံးကို မထိခိုက်စေဘဲ စာတွေအများကြီး အချိန်ကြာကြာဖတ်လို့ရတယ်။

အလင်းမပြန်တဲ့၊ ပုံနှိပ်ထားတဲ့ စာရွက်နဲ့ အနီးစပ်ဆုံးတူအောင် လုပ်ထားတဲ့ e-ink (electronic ink) နည်းပညာသုံး e-reader တွေကသာ စာတွေအကြာကြီးဖတ်ချင်တဲ့ သင့်မျက်လုံးအတွက် အကောင်းဆုံး၊ အသင့်တော်ဆုံး device တွေပါ။

✨e-reader တွေသုံးပြီး စာဖတ်ဖို့ အလင်းမလိုဘူး။

e-reader အများစုမှာ အလင်းနည်းတဲ့နေရာတွေမှာဖတ်ဖို့ front-lit screen တွေပါတယ်။

tablet တွေ ဖုန်းတွေလို အလင်းကိုတိုက်ရိုက်ကြည့်နေရတဲ့ Backlight တွေမသုံးဘဲ screen အောက်မှာ ထားတဲ့ LED မီးလုံးလေးတွေက အလင်းထုတ်ပြီး အောက်ကစာလုံးတွေကို မြင်ရစေတာပါ။

✨ဖတ်ချင်တဲ့ စာအုပ်ကို စက္ကန့်ပိုင်းအတွင်းရှာလို့ ရတယ်။

Google မှာ၊ facebook မှာ ၊ Amazon မှာ၊ e-book တွေ share တဲ့ website တွေမှာ သင်ဖတ်ချင်တဲ့ စာအုပ်နာမည် keyword တွေ ရိုက်ထည့်ရုံနဲ့ ဖတ်ချင်တဲ့ စာအုပ်ကို စက္ကန့်ပိုင်းအတွင်း ရှာတွေ့နိုင်တယ်

✨စာအုပ်တွေသွားဝယ် သွားငှားနေရတဲ့ အချိန်မကုန်ဘူး။

သင်ဖတ်ချင်နေတဲ့ စာအုပ်တွေက print လုပ်ထားတဲ့ စာအုပ်ပုံစံမျိုးနဲ့ပဲ ရှိနေတာမဟုတ်ပါဘူး ။ ဂန္ထဝင်စာအုပ်တွေ၊တကယ့်ရှားပါးစာအုပ်တေ၊ွ နောက်ဆုံးထွက်စာအုပ်စာစောင်တွေကို online ကနေ ဝယ်ယူ၊ ငှားရမ်း၊ အခမဲ့ ဒေါင်းလုဒ် လုပ်ပြီး ဖတ်နိုုင်ပါတယ်။ နိုင်ငံရပ်ခြားကထုတ်ဝေတဲ့ စာအုပ်တွေကိုအလွယ်တကူ အချိန်နဲ့တပြေးညီ ဖတ်နိုင်ပါတယ်။

✨ ငွေကုန်ကြေးကျ သက်သာတယ်။

အင်တာနက်ပေါ်မှာ အခကြေးငွေပေးစရာမလိုဘဲ တရားဝင် ရယူနိုင်တဲ့ စာအုပ်တွေ အမြောက်အမြားရှိပါတယ်။e-book တွေ ငှားဖတ်တာ ဝယ်ဖတ်တာတွေ လုပ်မယ်ဆိုရင်တောင် စာရွက်တွေရိုက်ပြီးထုတ်ထားတဲ့ စာအုပ်တွေ ဝယ်ရ၊ငှားရတာထက် အများကြီးသက်သာပါတယ်။

✨ဘာသာစကားက အတားအဆီးကြီးမဟုတ်တော့ဘူး။

ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့ စာအုပ်တွေဖတ်ရင် dictionary လှန်ကြည့်နေရတာနဲ့ပဲ စာဖတ်ရတာ မတွင်ဘူး။ e-reader တွေ သုံးပြီး အဲလိုစာအုပ်တွေဖတ်ရင်တော့ ကိုယ်နဲ့ မရင်းနှီးတဲ့ သိချင်တဲ့့ စာလုံးတွေကို ထောက်လိုက်ရုံနဲ့ သူ့မှာပါတဲ့ Built-in dictionary တွေက အဓိပ္ပာယ်ပြည့်ပြည့်စုံစုံ ဖော်ပြပေးနိုင်တယ်။ စာအုပ်ဖတ်နေရင်း အရှိန်မပြတ်ကြည့်လို့ရတယ်။ စာလုံးအသစ်တွေကိုအလွယ်တကူ မြန်မြန်လေ့လာလို့ရပါတယ်။

✨Internet connection ရှိနေရင် ကိုယ်ဖတ်နေတဲ့ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ Wikipedia article တွေ- စာအုပ်မှာညွှန်းထားတဲ့ website link တွေကို ချက်ချင်းကြည့်လို့ရတယ်။

✨အလွယ်တကူ search လုပ်လို့ရတယ်။

ဖတ်နေတဲ့ စာအုပ်ထဲက အကြောင်းအရာတစ်ခု စကားစု တစ်စု ကို search bar မှာရိုက်ထည့်ပြီး အလွယ်တကူရှာလို့ရတယ်။

✨မှတ်စုတွေ ထုတ်နိုင်တယ်။

ပုံမှန်စာအုပ်တစ်အုပ်မှာလုပ်သလို note တွေ highlight တွေ bookmark တွေစာအုပ်ဖတ်နေရင်း အလွယ်တကူ လုပ်လို့ရတယ်။ ကိုယ်ဖတ်နေတဲ့ စာအုပ်ရဲ ့ ရာခိုင်နှှုန်းဘယ်လောက်ဖတ်ပြီးတယ် ဘယ်နေရာရောက်နေတယ် ဆိုတာ e-reader တွေက track လုပ်ပေးနိုင်တယ်။

✨Android OS သုံး e-reader တွေမှာ playstore က ဝန်ဇင်းလို စာအုပ်ဝယ်/ငှားဖတ်လို့ရတဲ့ app တွေ

e-ink display နဲ့ compatible ဖြစ်တဲ့ တခြား app တွေ သုံးနိုင်တယ်။

✨audiobook တွေနားထောင်နိုင်တယ်။

စာဖတ်ရတာ ပျင်းလာရင်လည်း စာအုပ်တွေကို ဖတ်ပြထားတဲ့ audiobook တွေကို bluetooth device တွေနဲ့ချိတ်ဆက်ပြီး နားထောင်နိုင်တယ်။

✨stylus ပါတဲ့ e-reader တွေမှာ ပုံဆွဲတာ ၊ စာရေးတာ မှတ်စုတွေမှတ်တာကို tablet တွေ phone တွေပေါ်မှာ ရေးမှတ်ရတာမျိုးနဲ့မတူပဲ တကယ့်စာရွက်ပေါ်မှာ ရေးမှတ်ရသလို လုပ်နိုင်မယ်။

✨ဘက်ထရီ ခဏခဏ အားသွင်းစရာမလိုဘူး။

e reader တွေဟာစွမ်းအင်သုံးစွဲမှုလည်း အရမ်းနည်းတာကြောင့် ဘက်ထရီအားတခါသွင်းထားရင် အကြာကြီးခံတယ်

✨ကမ္ဘာကြီးကို ကိုယ်တတ်နိုင်တဲ့အတိုင်းအတာနဲ့ ကယ်တင်ရာရောက်တယ်။

စာရွက်တွေ စာအုပ်တွေထုတ်ဖို့ သစ်ပင်ပေါင်းများစွာ စတေးရတယ်။ အသုံးပြုပြီးသား စာရွက် တွေကို recycle လုပ်နိုင်တယ်ဆိုပေမယ့် deinking process ကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတာပါပဲ။

e-reader တွေသုံးပြီး စာများများဖတ်လေ စာအုပ်တွေရိုက်နှိပ်ထုတ်ဝေတဲ့ လုပ်ငန်းစဉ်ကြီးကနေ ထွက်လာမယ့် carbon footprint တွေကို လျော့ချနိုင်လေပါပဲ။

✨
✨

Leave a Reply